Friday, June 29, 2012

အချစ်ဆိုတာ မှားယွင်းတဲ့ ကိုးကွယ်မှုတခု မဟုတ်ဘူး.. နတ်ဆိုးငယ်


အချစ်ဆိုတာ ... မှားယွင်းတဲ့ ကိုးကွယ်မှုတခု မဟုတ်ဘူး... နတ်ဆိုးငယ်
အကြည့်တချက်.. အပြုံးတ၀က်နဲ့တင်... သူ့ရှေ့အခါခါ ဒူးထောက်ဖူးတယ် ...
နတ်ဆိုးငယ်... အလွမ်းဆိုတဲ့ ဝေဒနာ တခမ်းတနားလှပလွန်းတာ မင်းမှမသိဘဲနဲ့..
ဒါပေမယ့်..  ရုံသွင်းပြစားရအောင်လည်း အပေါစားမဆန်လှပါဘူး...
ဆွဲမိဆွဲရာ .. ရေးခြစ်မိတဲ့ ပန်းချီကား... သူ့ပုံတူတွေသာ ဖြစ်လို့နေတယ်...
တကယ်ပါ နတ်ဆိုးငယ် .. ငါ သူ့ကို ကိုးကွယ်ဖူးတယ် ...
ခွဲခွာခြင်းရဲ့နောက် ညတွေကို လွင့်ပစ်လိုက်ရတယ် ...
သူ့မာယာတွေပဲ .. အလှကြည့်နေမိတော့တယ်...
သေချာပါတယ် .. နတ်ဆိုးငယ်..
အချစ်ဆိုတာ... မှားယွင်းတဲ့ ကိုးကွယ်မှုတခု မဟုတ်ပါဘူး ... ... ...

ရှင်ထိပ်ထား
Sep24, 2011