Thursday, February 18, 2010

အချစ်မဲ့ မြို့တော်

အချစ်မဲ့မြို့တော်

အော်... အချစ်မဲ့မြို့တော်ပါဆို  
သူကလည်း ဇွတ် မလာပါနဲ့လို့
တားနေတာကို....။
ဒီမှာ အချစ်မရှိဘူး
ဖြူစင်ခြင်းတွေနဲ့ပဲ
ထုံးမွှန်းထားတယ်....။
ရယ်မောခြင်းတွေနဲ့ပဲ
တန်ဆာဆင်ထားတယ်...။
ချစ်ပြီးရင် ပြန်သွားမယ့်
မင်းအတွက်
လမ်းမရှိသလို
လွမ်းပြီးရင် ငိုကြွေးမယ့်
သူတွေအတွက်လည်း
အခန်းမရှိဘူး...။
နောက်ပြီး
မုန်းပြီးရင် နာကျည်းမယ့်
သူတွေအတွက်လည်း
နေရာမရှိဘူး....။
မာယာတွေနဲ့
သာယာမယ့် တနေရာလည်း
မဖန်ဆင်းထားဘူး..။
ခဏတာ ချိုမြိန်မှုအတွက်
တဘ၀စာ စတေးရမယ့်
တသက်တာ မျှော်လင့်ချက်တွေလည်း
ပေးမထားဘူး....။
မင်းအတွက်တော့
တံခါးမရှိ
ဓားမရှိပါ.. ... ..။
ဒါပေမယ့်
အချစ်တော့ ပါမလာပါစေနဲ့.. ..။
ရှင်ထိပ်ထား Oct 20 ,2009 (1:00pm)

အသင်

အ သင်. . .
ငါ့ မျက် ၀န်း မှာ လည်း ညှို့ ချက် ဆို တာ
မ ဆင် မြန်း ခဲ့ ပါ. . .
ငါ့ အ ပြုံး မှာ လည်း မာ ယာ ဆို တာ
မ ကွန်း ခို ခဲ့ ပါ. . .
ငါ့ စ ကား မှာ လည်း မု သား လ င်္ကာ
မ ဖွဲ့ ဆို ခဲ့ ပါ. . .
အ ဘယ် သို့ များ ကြောင့်. . .
ငါ့ နှ လုံး သား အား.. ...
အ သင် ... ရက် စက် အ ငြိုး ကြီး စွာ
ချေ ဖျက် ခဲ့ ပါ သ နည်း. . .။
တ ကယ် ဆို. . . .
ခပ် စိမ်း စိမ်း တိုက် ခတ် နေ တဲ့ လေ စိမ်း ကြား မှာ
ရှင် သန် ပေါက် ရောက် နေ တဲ့
နှ လုံး သား မြက် ပင် နု ငယ်
သင့် အ ပေါ်
နာ ကြည်း ရက် စက် မှု တွေ နဲ့
တိုက် ခိုက်ခြင်း မ ဟုတ်
သင်... ရှင် သန် ဖို့ အ တွက်
တိုက် ခတ် ပေး ခြင်း ပါ....။
နေ ၀င် ချိန် ရဲ့ အ လင်း တံခါး ပေါက် တွေ ကြား
အ လင်း ရောင် ဖျော့ တော့ တော့ လေး
ဝင် ရောက် လာ ရင် တောင်
အ သင့် ကို
မျှော် နေ ခဲ့တယ်ဆို. . .
အ သင် ဟာ..
ငါ့ နှ လုံး သား ထဲ က တ စ္တေတ ကောင်
ဖြစ် ခဲ့ ဖူး ပါ လိမ့် မယ်. . .။
အ သင်...
အ သင် ဟာ
နေ မ ၀င် အင် ပါ ယာ တောင် ထောင် ခဲ့ ပြီး ပြီ ပဲ
အ ဘယ် အ တွက်
ငါ့ နှ လုံး သား ကို... အ သင်
ယဇ် ပူ ဇော် ဖို့ ကြံ ရွယ် နေ သေး သ နည်း... ။ .....။

ရှင်ထိပ်ထား
Oct 18,2009 (12:45am)




နောက်ဆုံး အသည်းကွဲ ကဗျာ



ရက်စက်လိုက်တာ လို့ ပြောမထွက် လောက်အောင်
ကျွန်မ နှုတ်ခမ်းတွေ ဆွံ့အနေခဲ့ပါတယ်. . . .

ရှင်ပြောခဲ့တဲ့ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှု ရှိခဲ့တယ်ဆိုရင်. . .
ကျွန်မရဲ့ ဖြူစင်တဲ့အချစ်အတွက် တူညီတဲ့ တုန်ပြန်မှုတဲ့လား ??????

ရှင့်ရဲ့ အသက်ရှူသံတိုင်းကို ရူးသွပ်ခဲ့တဲ့ ကျွန်မအတွက်
ရှင့်ရဲ့ မုသားအတိပြီးတဲ့ စကားတွေကို ယုံကြည်မှုအပြည့်နဲ့ နားလည်ခဲ့တဲ့ ကျွန်မအတွက်
ရှင့်အတွက် မျှော်လင့်ချက်တွေ ထုပ်ပိုးပြီး ခရီးဆက်နေတဲ့ ကျွန်မအတွက်
ရှင်ပေးခဲ့တဲ့ အချစ်ဆိုတဲ့ အရာက . . .သိပ်ပြီး မတရားရာကျမနေဘူးလား ချစ်သူ. . . .

တခုတော့ ရှင်သိထားပါ ချစ်သူ. . .
ရှင်ရှာဖွေနေတဲ့ အပြောချိုချို အပျိုချောချော တွေထက်တော့
ကျွန်မရဲ့ နှလုံးသား ဖြူစင်ကြောင်း လောင်းကြေးထပ်ရဲပါတယ် ချစ်သူ . . .

ကျွန်မရဲ့ ဖြူစင်တဲ့ အချစ်တွေကို တန်ဖိုးမထားခဲ့တဲ့ ချစ်သူ ရှင့်ကို
ကျွန်မ ခွင့်လွှတ်ခြင်းကင်းတဲ့ အမုန်းပန်းလေး တပွင့်တော့
ရှင်နဲ့ ထိုက်တန်စွာ ထာဝရ ပျိုးထားမယ်နော် !!!!!!!!

(ရှင်ထိပ်ထား)
Oct 23,2009
4:30 pm


နောက်ဆုံးအသည်းကွဲ ကဗျာ

အရေးမပါတဲ့
အဆွေးကဗျာတွေ
ရေးနေရတာ (မင်းကြောင့်)
ဝေးနေတဲ့အကြောင်း
တွေးနေရင်းနဲ့
မျက်ရည်ကျရတာ (မင်းကြောင့်)
စိတ်ကူး တစ္ဆေ ခြောက်လန့်လို့
ညည အိပ်မရတာ (မင်းကြောင့်)
တည်ငြိမ်တဲ့ နှလုံးခုန်သံ
ပုံမမှန်ဘဲ
ဗြောင်းဆန်ခဲ့တာ (မင်းကြောင့်)
အပြုံးပန်းဥယျာဉ်မှာ
အမုန်းပန်းလေးတစ်ပွင့် (မင်းအတွက်)
ငါ သွန်းပျိုးပေးလိုက်ပြီ. . .။
ညညဆို ငါမငိုတော့သလို. . .. . .
နင့်ကိုတွေ့ရင်လည်း ရင်မခုန်တော့ဘူး. . .။ . . . ။



တိုက်ဆိုင်မှုတွေနဲ့ ကဗျာလေးတပုဒ်ပါ. . . .။

နင်နဲ့ငါ

သင်္ကြန်တဲ့ ဘာမှန်းတောင်မသိလိုက်ပါဘူး
ဒီလိုနဲ့ပဲ သီတင်းတစ်ခါကျွတ်ဦးမယ်
ဒီလိုနဲ့ပဲ ဟေမာန်တစ်ဆောင်း ပြောင်းပြန်တယ်
ပွဲတော်တွေလဲတစ်ခုပြီးတစ်ခု သူ့ ရာသီနဲ့ သူကျင်းပသွားတာပဲ
လူတွေလည်း ပွဲတော်ထဲမှာပျော်ကြတယ် ငါကလွဲရင်ပေါ့လေ....
ဒါပေမဲ့ ငါ့ရင်ထဲမှာအချိန်တိုင်းကျင်းပနေတဲ့ ပွဲတော်တစ်ခုရှိတယ်
ဒီပွဲတော်က ငါ့ဘေးမှာနင်ရှိမှဖြစ်မှာ............................။
နင်ကတော့ စိတ်ထင်တိုင်းလုပ်တတ်တဲ့ နင့်အကျင့်ကလည်း မပျောက်သေးဘူး
ပြီးတော့လည်း ငါ့အလိုကျ နင်ဖန်ဆင်းပေးဦးမှာပဲ
နင်ပြောတဲ့ စကားလုံးကြမ်းကြမ်းတွေကို ငါဒေါသထွက်တိုင်း နောက်တစ်ခါပြန်ကြားချင်ပါတယ် .....နင်ငါမရှိတဲ့တစ်ခြားတစ်နေရာမှာ တစ်ကယ်ပဲ ပျော်နေနိုင်လားမသိဘူး
ငါ့ရဲ့ဒိုင်ယာရီမှာတော့ နင့်နာမည်လေးတွေဗရပွပေါ့
နင်ကြိုက်သလိုနေပါဦး ပြီးရင်တော့ ငါဆီပြန်လာခဲ့ပါဦး နွမ်းလျပြုံးလျက်ပါပဲ ငါနင့်ကိုလွမ်းလျက်လွမ်းဆဲလွမ်းမြဲပါပဲ
ဒါပေမဲ့ နင့်ပြောတတ်တာ "နင် မရှိလည်း ငါနေနိုင်မှာပါ"လို့
နင်ကလေ ငါ မနေနိုင်မှန်းသိရက်နဲ့ ပြောတတ်တယ်
ငါတော့ကြောက်နေသေးတယ် ငယ်ငယ်ကတည်းကလို
နင့်ကိုတော့မဟုတ်ဘူးနော် သရဲကို !!!!!!!!!!!!!!!
နင့်နာမည်ကိုလည်းခေါ်တုန်းပါပဲ
ဒါပေမဲ့ တစ်ခါတစ်လေ နင်ရောက်မလာဘူး ပျောက်ပျောက်နေတယ်
သရဲကိုကြောက်တတ်တာနဲ့ ခပ်ညံ့ညံ့လူတစ်ယောက်တော့ ငါမဖြစ်ပါဘူး။
ခုခေတ်စကားအရပြောရမယ်ဆိုရင် ငါနင့်ကို အမုန်းသတိရတယ်
ဒီစကားကို ငါနင့်ရှေ့မှာပြောရင်ငါ့မျက်နှာထားစရာနေရာမရှိမှာစိုးလို့ ခ
ဏခဏအောင့်အီးသီးခံထားရတာ ငါပြောလို့နင့်ရီရင်ငါ ထသတ်မိမယ် ရင်ထဲမှာအလွမ်းတွေနဲ့ မိတ်ဆွေဖြစ်နေပြီဟ သတိရမိတဲ့ စိတ်တွေက ငါ့ကိုမိတ်ဆွေဖွဲ့ နေပြီ ငါဘာလုပ်ရမလဲ ပြောပါဦး ဒါပေမဲ့ "သံသယ" ဆိုတဲ့ ရန်သူနဲ့ "စိတ်မချခြင်း"ဆိုတဲ့ ရန်သူ့သမီးကိုလည်း ငါ့ခွန်အားတွေနဲ့ အပြတ်တိုက်နေပါတယ် နင်ရောက်မလာနေ့တွေမှာ နင်ဘာလုပ်နေလဲသိချင်တယ် စိတ်လည်းပူတယ်
ဒါပေမဲ့ နင့်ကိုငါ ရင်မဆိုင်ခဲ့ဘူးနော်
ငါအပ်အရမ်းကြောက်တယ်
ဒါပေမဲ့ ငါဒီနေ့မှာသွေးဖောက်ဖြစ်တယ်
ငါ့ကိုအပြစ်တင်မှာလား??????????

အရင်လို

နင့်မျက်ဝန်းတွေ
အရင်လို မလင်းလက်တော့ဘူး
နင့်စကားတွေကလည်း
အရင်လို မခမ်းနားတော့ဘူး
နင့်အပြုံးတွေကလည်း
အရင်လို အသက်မ၀င်တော့ဘူး
နင့်အနမ်းတွေကလည်း
အရင်လို မချိုမြိန်တော့ဘူး
နင့်သံစဉ်တွေကလည်း
အရင်လို မလှပတော့ဘူး
နင့်အချစ်တွေကလည်း
အရင်လို. . . . . . . . . . .
. . . . . . . . . . . . . . . .
. . . . . . . . . . . . . . .
အရင်လို ဖြစ်မလာနိုင်တော့မယ့်
အတူတူဘာလို့ ငါ့နှလုံးသားမှာ
အရင်လို ရှိနေသေးတာလဲ??????
ကျေးဇူးပြု၍
ကျးဇူးပြု၍ပါ. . . . .
ငါ့ဘ၀ထဲက အပြီးထွက်သွားပေးပါလား?
အဲဒါဆို ငါ. . .
နင့်ကိုသိပ်ပြီး ကျေးဇူးတင်မိမယ်ထင်တယ်.. . . . …။

ရှင်ထိပ်ထား

Wednesday, February 17, 2010

အတိတ်က ချစ်သူသို့

ချစ်သူသို့
လွမ်း နေ မယ် လို့ မ ထင် လိုက် ပါ နဲ့
ချစ် သူ
ငါ့ ရင် မှာ နင့် အ တွက် အ လွမ်း တွေ အ စား
နာ ကျင် မှု တွေ ပဲ ရှိ တယ်
အ ချစ် တွေ အစား
မုန်း တီး မှု တွေ ပဲ ရှိ တယ်
ညဉ့်  နက် နက် မှာ တ စ္ဆေ တ ကောင် လို
ခြောက် ခြား ခဲ့ ရ တဲ့ ငါ့ အိမ် မက် တွေ
မိုး သောက် တိုင်း မျှော် လင့် ချက် မဲ့ နေ တဲ့
ငါ့ ရဲ့ ရောင် ခြည် တွေ
အ ရာ အား လုံး ကို ဖန် ဆင်း ခဲ့သူ
နင် ဟာ
စေ တန် နတ် ဆိုး ပဲ
ခု တော့. . .
အ တိတ် ကို အ တိတ် မှာ ပဲ
ချန် ရစ် လို့
အ တိတ် က ငါ့ ချစ် သ
နင့် ကို လည်း
ငါ့ က မ္ဘာ မှာ အ ပြီး မြေ မြှုပ် ပစ် မယ် ။
ရှင် ထိပ် ထား
DEC 13,2009
(8:30pm)