Thursday, February 18, 2010

အချစ်မဲ့ မြို့တော်

အချစ်မဲ့မြို့တော်

အော်... အချစ်မဲ့မြို့တော်ပါဆို  
သူကလည်း ဇွတ် မလာပါနဲ့လို့
တားနေတာကို....။
ဒီမှာ အချစ်မရှိဘူး
ဖြူစင်ခြင်းတွေနဲ့ပဲ
ထုံးမွှန်းထားတယ်....။
ရယ်မောခြင်းတွေနဲ့ပဲ
တန်ဆာဆင်ထားတယ်...။
ချစ်ပြီးရင် ပြန်သွားမယ့်
မင်းအတွက်
လမ်းမရှိသလို
လွမ်းပြီးရင် ငိုကြွေးမယ့်
သူတွေအတွက်လည်း
အခန်းမရှိဘူး...။
နောက်ပြီး
မုန်းပြီးရင် နာကျည်းမယ့်
သူတွေအတွက်လည်း
နေရာမရှိဘူး....။
မာယာတွေနဲ့
သာယာမယ့် တနေရာလည်း
မဖန်ဆင်းထားဘူး..။
ခဏတာ ချိုမြိန်မှုအတွက်
တဘ၀စာ စတေးရမယ့်
တသက်တာ မျှော်လင့်ချက်တွေလည်း
ပေးမထားဘူး....။
မင်းအတွက်တော့
တံခါးမရှိ
ဓားမရှိပါ.. ... ..။
ဒါပေမယ့်
အချစ်တော့ ပါမလာပါစေနဲ့.. ..။
ရှင်ထိပ်ထား Oct 20 ,2009 (1:00pm)

1 comment:

  1. ဒါဆိုရင် ဒီမြို့က နေလို့ မရဘူးပေါ့

    ReplyDelete