Thursday, February 18, 2010

နောက်ဆုံး အသည်းကွဲ ကဗျာ



ရက်စက်လိုက်တာ လို့ ပြောမထွက် လောက်အောင်
ကျွန်မ နှုတ်ခမ်းတွေ ဆွံ့အနေခဲ့ပါတယ်. . . .

ရှင်ပြောခဲ့တဲ့ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှု ရှိခဲ့တယ်ဆိုရင်. . .
ကျွန်မရဲ့ ဖြူစင်တဲ့အချစ်အတွက် တူညီတဲ့ တုန်ပြန်မှုတဲ့လား ??????

ရှင့်ရဲ့ အသက်ရှူသံတိုင်းကို ရူးသွပ်ခဲ့တဲ့ ကျွန်မအတွက်
ရှင့်ရဲ့ မုသားအတိပြီးတဲ့ စကားတွေကို ယုံကြည်မှုအပြည့်နဲ့ နားလည်ခဲ့တဲ့ ကျွန်မအတွက်
ရှင့်အတွက် မျှော်လင့်ချက်တွေ ထုပ်ပိုးပြီး ခရီးဆက်နေတဲ့ ကျွန်မအတွက်
ရှင်ပေးခဲ့တဲ့ အချစ်ဆိုတဲ့ အရာက . . .သိပ်ပြီး မတရားရာကျမနေဘူးလား ချစ်သူ. . . .

တခုတော့ ရှင်သိထားပါ ချစ်သူ. . .
ရှင်ရှာဖွေနေတဲ့ အပြောချိုချို အပျိုချောချော တွေထက်တော့
ကျွန်မရဲ့ နှလုံးသား ဖြူစင်ကြောင်း လောင်းကြေးထပ်ရဲပါတယ် ချစ်သူ . . .

ကျွန်မရဲ့ ဖြူစင်တဲ့ အချစ်တွေကို တန်ဖိုးမထားခဲ့တဲ့ ချစ်သူ ရှင့်ကို
ကျွန်မ ခွင့်လွှတ်ခြင်းကင်းတဲ့ အမုန်းပန်းလေး တပွင့်တော့
ရှင်နဲ့ ထိုက်တန်စွာ ထာဝရ ပျိုးထားမယ်နော် !!!!!!!!

(ရှင်ထိပ်ထား)
Oct 23,2009
4:30 pm


နောက်ဆုံးအသည်းကွဲ ကဗျာ

အရေးမပါတဲ့
အဆွေးကဗျာတွေ
ရေးနေရတာ (မင်းကြောင့်)
ဝေးနေတဲ့အကြောင်း
တွေးနေရင်းနဲ့
မျက်ရည်ကျရတာ (မင်းကြောင့်)
စိတ်ကူး တစ္ဆေ ခြောက်လန့်လို့
ညည အိပ်မရတာ (မင်းကြောင့်)
တည်ငြိမ်တဲ့ နှလုံးခုန်သံ
ပုံမမှန်ဘဲ
ဗြောင်းဆန်ခဲ့တာ (မင်းကြောင့်)
အပြုံးပန်းဥယျာဉ်မှာ
အမုန်းပန်းလေးတစ်ပွင့် (မင်းအတွက်)
ငါ သွန်းပျိုးပေးလိုက်ပြီ. . .။
ညညဆို ငါမငိုတော့သလို. . .. . .
နင့်ကိုတွေ့ရင်လည်း ရင်မခုန်တော့ဘူး. . .။ . . . ။



တိုက်ဆိုင်မှုတွေနဲ့ ကဗျာလေးတပုဒ်ပါ. . . .။

No comments:

Post a Comment