Thursday, February 18, 2010

နင်နဲ့ငါ

သင်္ကြန်တဲ့ ဘာမှန်းတောင်မသိလိုက်ပါဘူး
ဒီလိုနဲ့ပဲ သီတင်းတစ်ခါကျွတ်ဦးမယ်
ဒီလိုနဲ့ပဲ ဟေမာန်တစ်ဆောင်း ပြောင်းပြန်တယ်
ပွဲတော်တွေလဲတစ်ခုပြီးတစ်ခု သူ့ ရာသီနဲ့ သူကျင်းပသွားတာပဲ
လူတွေလည်း ပွဲတော်ထဲမှာပျော်ကြတယ် ငါကလွဲရင်ပေါ့လေ....
ဒါပေမဲ့ ငါ့ရင်ထဲမှာအချိန်တိုင်းကျင်းပနေတဲ့ ပွဲတော်တစ်ခုရှိတယ်
ဒီပွဲတော်က ငါ့ဘေးမှာနင်ရှိမှဖြစ်မှာ............................။
နင်ကတော့ စိတ်ထင်တိုင်းလုပ်တတ်တဲ့ နင့်အကျင့်ကလည်း မပျောက်သေးဘူး
ပြီးတော့လည်း ငါ့အလိုကျ နင်ဖန်ဆင်းပေးဦးမှာပဲ
နင်ပြောတဲ့ စကားလုံးကြမ်းကြမ်းတွေကို ငါဒေါသထွက်တိုင်း နောက်တစ်ခါပြန်ကြားချင်ပါတယ် .....နင်ငါမရှိတဲ့တစ်ခြားတစ်နေရာမှာ တစ်ကယ်ပဲ ပျော်နေနိုင်လားမသိဘူး
ငါ့ရဲ့ဒိုင်ယာရီမှာတော့ နင့်နာမည်လေးတွေဗရပွပေါ့
နင်ကြိုက်သလိုနေပါဦး ပြီးရင်တော့ ငါဆီပြန်လာခဲ့ပါဦး နွမ်းလျပြုံးလျက်ပါပဲ ငါနင့်ကိုလွမ်းလျက်လွမ်းဆဲလွမ်းမြဲပါပဲ
ဒါပေမဲ့ နင့်ပြောတတ်တာ "နင် မရှိလည်း ငါနေနိုင်မှာပါ"လို့
နင်ကလေ ငါ မနေနိုင်မှန်းသိရက်နဲ့ ပြောတတ်တယ်
ငါတော့ကြောက်နေသေးတယ် ငယ်ငယ်ကတည်းကလို
နင့်ကိုတော့မဟုတ်ဘူးနော် သရဲကို !!!!!!!!!!!!!!!
နင့်နာမည်ကိုလည်းခေါ်တုန်းပါပဲ
ဒါပေမဲ့ တစ်ခါတစ်လေ နင်ရောက်မလာဘူး ပျောက်ပျောက်နေတယ်
သရဲကိုကြောက်တတ်တာနဲ့ ခပ်ညံ့ညံ့လူတစ်ယောက်တော့ ငါမဖြစ်ပါဘူး။
ခုခေတ်စကားအရပြောရမယ်ဆိုရင် ငါနင့်ကို အမုန်းသတိရတယ်
ဒီစကားကို ငါနင့်ရှေ့မှာပြောရင်ငါ့မျက်နှာထားစရာနေရာမရှိမှာစိုးလို့ ခ
ဏခဏအောင့်အီးသီးခံထားရတာ ငါပြောလို့နင့်ရီရင်ငါ ထသတ်မိမယ် ရင်ထဲမှာအလွမ်းတွေနဲ့ မိတ်ဆွေဖြစ်နေပြီဟ သတိရမိတဲ့ စိတ်တွေက ငါ့ကိုမိတ်ဆွေဖွဲ့ နေပြီ ငါဘာလုပ်ရမလဲ ပြောပါဦး ဒါပေမဲ့ "သံသယ" ဆိုတဲ့ ရန်သူနဲ့ "စိတ်မချခြင်း"ဆိုတဲ့ ရန်သူ့သမီးကိုလည်း ငါ့ခွန်အားတွေနဲ့ အပြတ်တိုက်နေပါတယ် နင်ရောက်မလာနေ့တွေမှာ နင်ဘာလုပ်နေလဲသိချင်တယ် စိတ်လည်းပူတယ်
ဒါပေမဲ့ နင့်ကိုငါ ရင်မဆိုင်ခဲ့ဘူးနော်
ငါအပ်အရမ်းကြောက်တယ်
ဒါပေမဲ့ ငါဒီနေ့မှာသွေးဖောက်ဖြစ်တယ်
ငါ့ကိုအပြစ်တင်မှာလား??????????

No comments:

Post a Comment