Sunday, April 25, 2010

တမ်းချင်း

ဝါရွက်တွန့်ကွေး သစ်ရွက်ဆွေးတို့
ကြွေကျလို့ မြေခ
(ဒီအချိန်က) နွေဦးရဲ့ အစလဲ ဖြစ်နေခဲ့ပါတယ် ...။

ရာသီနှစ်ပြောင်း တပေါင်းအကူးမှာ
နှောင်းခဲ့ပေါ့ ဆောင်းအတိတ်ကိုပ
လွမ်းဆွတ်တာ တစ်ခါပြန်တော့
(ဒီနေ့မှာလေ) ရာသီနှစ်ခု ဖြစ်တည်မှုနဲ့ သူ့ကိုလွမ်းလို့
မငိုရဘဲ မျက်ရည်ဝိုင်းခဲ့မိပါတယ် ...။

(တကယ်ဆိုက)
သမုဒ္ဒယအပြုံး အနက်ဆုံးမို့
တသက်လုံးနှောင်မိ ရုန်းထွက်ခွင့်လည်း မရှိခဲ့ပါ။
သံယောဇဉ် တိုးပွား မြတ်နိုးမှုများလာတဲ့အခါ
ပူလောင်တင်းကျပ် ရုန်းထွက်ရလဲ ခက်နေခဲ့ပါတယ် ...။

ရင်မှာ ခိုအောင်း ဝေဒနာများဝေးအောင်
ဖြေလျော့ လွတ်ပေး သံယောဇဉ်နှင့် အဝေးအား
ထွက်ပြေး လွတ်မြောက်အောင် ရှောင်းပုန်းခွင့်များ
ကျွန်ုပ်အား ပေးသနားပါ အရှင် ...!

(မေ့ထားသော်လည်း သတိရဆဲဖြစ်သော လတိုင်း၏ 26th အမှတ်တရသို့)

Saturday, April 24, 2010

ထင်ဟပ်နေသော အတိတ်ပုံရိပ်


ဘာ လို့လဲ...?
ငါ့ ကိုယ် ငါ မြေ မြှုပ် ခဲ့ တာ
ဘာ လို့ ပြန် တူး ဖော် ချင် နေ ကြ တာ လဲ ?
ငါ့ နိ ဒါန်း ငါ ပျိုး
ငါ့ နိ ဂုံး ငါ အ ဆုံးသတ် ခဲ့ တာ
အ မှန် တ ရား က ငါ့ ဘက် မှာ လို့
အ ယုံ ရှိ ခဲ့ လို့ လေ ... ...
သင် တို့ ပြော နေ ကြ တဲ့ အ ချစ်
သူ ပြော ဖူး တဲ့ အ ချစ်
ငါ တန် ဖိုး ထား ခဲ့ ဖူး တဲ့ အ ချစ်
အ ချစ် ... အ ချစ် နဲ့...
နောက် ဆုံး တော့ လည်း
အ ချစ် နဲ့ အ မုန်း
တံ တိုင်း လေး တ ခု ခြား ခြင်း ပဲ...
ခံ တပ် နဲ့ တောင် မ ကာ ကွယ် နိုင် ခဲ့ပါ ဘူး လေ ...
ငါ့ မေတ္တာ ငါ့ သ စ္စာ တွေ လည်း
ငါ့ ကို မ ကူ လေ တော့ ဘူး ...
အ ချစ် ဆို တဲ့ စစ် ပွဲ ကို
ဆင် နွဲ ရ တာ ...
ဓား သွား လက် နက် စစ် ပွဲ ထက်
ခက် ခဲ တယ် တဲ့ လား ..?
တော် ပါ ပြီ လေ ...
ဒီ အ ကြောင်း တွေ လည်း
မ တွေး ချင် တော့ ပါ ဘူး ...
ဒါ ပေ မယ့် လည်း....
နှ လုံး သား က သွေး စက်
က ဗျာ လက်နဲ့ ထိ မိ တော့
ကာ ရန် မ ညီ တဲ့ စာ ပန်း ချီ
ဖြစ် လာ သေး ရဲ့...
အ တိတ် ပုံ ရိပ် တွေ
မ ထင် ဟပ် ဖို့ တော့
ငါ ကြိုး စား ဆဲ .....။....။
ရှင်ထိပ်ထား
Apr 25,2010
1:10am

Monday, April 19, 2010

နှစ်ပတ်လည်

မောင့် ရဲ့ ရင် ခွင် ထဲ တ သက် တာ
ခို နား ပါ ရ စေ
မောင့် အ ပြုံး တွေ နဲ့ ထာ ၀ ရ
ကြည် နူး ပါ ရ စေ
မောင့် အ နမ်း တွေ နဲ့ ည တိုင်း
အ သက် ဆက် ပါ ရ စေ
နှစ် စဉ် နှစ် တိုင်း
နှစ် ပတ် လည် တွေ ကို
မောင့် ရဲ့ ချစ် ခြင်း ဖွဲ့ သံ စဉ် တွေ နဲ့ အ တူ
မက် မော စွာ ဖြတ် သန်း ပါ ရ စေ။
ရှင် ထိပ် ထား
SEP26,2009

ကိုကိုသို့


အ ရွယ် ချင်း အ မျှ လို့
ငယ် စာ ရင်း ဘ ၀ မှာ တော့
သူ ငယ် ချင်း မ က ပါ
ကို ကို ရယ် . . .
ရှင်ထိပ်ထား

ကိုကိုသို့-၁

အ ချိန် ပြည့် လွမ်း နေ မိ တာ
မ ဟုတ် တော့ ပေ မယ့်
တ ခါ တ ခါ တော့
ပြင်း ပြင်း ပြ ပြ တမ်း တ မိ တယ်
ကို ကို ရယ်
အ ချစ် နဲ့ က စား ခဲ့ သူ မ ဟုတ် တဲ့
ကျွန် မ ကို
အ ချစ် က ဘာ လို့ လှည့် စား ခဲ့ ရ တာ လဲ?
ဘာ လို့ လဲ … ?
ဘာ အ တွက် ကြောင့် လဲ … ?
. . . . . . . . . . . . . . . . . . . . . . . . .
အိမ် မက် တွေ က လန့် နိုး မိ တိုင်း
အ ရင် လို ရှင့် ကို မျှော် လင့် နေ မိ တုန်း ပဲ
ရှင့် ရဲ့ နွေး ထွေး တဲ့ ရင် ခွင် တ စုံ ကို
မျှော် လင့် မိ နေ တုန်း ပါ ပဲ
. . . . . . . . . . . . .. . . . . . .
. . . . . . . . . . . . . . .. . . . .
. . . . . . .. . . . . . . . . . . . .
မ ဖြစ် နိုင် တော့ ပေ မယ့်. .
အိမ် မက် တ ခု အ ဖြစ်
သိမ်း ဆည်း ခွင့် တော့ ရှိ မယ်
ထင် ပါ တယ် ကို ကို ရယ် ….။
ရှင်ထိပ်ထား
DEC 2009

ကိုကိုသို့-၂


" ကိုကို "
" ကိုကို " လို့ ရေ ရွတ် မိ တိုင်း
ကျွန် မ ရင် ထဲ အ မြဲ
လုံ ခြုံ နွေး ထွေး ခဲ့ ရတာ ပါ ...
ပ ဋိ ပ က္ခ တွေ အ ကြား မှာ
ရှင် သန် ခဲ့ ရ တဲ့ ကျွန် မ အ ချစ်
တ ခါ တ ခါ တော့ နာ ကျည်း မိ ပေ မယ့်
ချစ် ဆဲ ခင် ဆဲ မြတ် နိုး ဆဲ မို့
ဒီ ရင် ခွင် ထဲ မ နှင် ရက်ဘဲ
ထွေး ပွေ့ထား မိ တာ ပါ ...
မ မုန်း တတ် ခဲ့ တာ မ ဟုတ် ရ ပါ ဘူး
ကို ကို ရယ် ...
မ မုန်း ရက် ခဲ့ တာပါ ....
ဝေ ဒ နာ တွေ အ ထပ် ထပ် နဲ့
ဒဏ် ရာ ဗ လ ပွ နှ လုံး သား က
တ ပါး သူ ကို အ စား ထိုး လို့ မရ ပါ ဘဲ
ကို ကို့ တ ယောက် တည်း
ချစ် နေ မိ ခဲ့ တာ တွေ က
နောင် တ ချိန် ... ချိန် မှာ
အ မှတ် မရှိ ပါ ဘဲ နဲ့
မုန်း မေ့ ပစ် လိုက် ရ ဖို့ ရယ် မှ မဟုတ် တာ
ကို ကို ရယ် .... ။ ..... ။
ရှင်ထိပ်ထား
April 1 , 2010
(1:00 pm )



ပဋိပက္ခ

တ ခါ တ ခါ…
နား လည် မှု တွေ လွဲ
ရန် ပွဲ တွေ ကြား မှာ
သူ ရဲ့ ဒေါ သ သံ လွှမ်း တဲ့ စ ကား လုံး တွေ အောက်
မ ပီ မ ပြင် တိုး ရှိုက် သံ တွေ နဲ့
ငို ကြွေး ခဲ့ ရ ဖူး တယ် …..။……။
အဲ ဒီ အ ချိန် တွေ မှာ လေ …
“ သ ဘော ထား ခြင်း မ တိုက် ဆိုင် ပါ သ ဖြင့် ….” လို့
ခေါင်း စဉ် တပ်
လမ်း ခွဲ ဖို့ အ ရေး
အ သေ အ ချာ တွေး လို့
ချည် နှောင် တဲ့ ကြိုး ကို ဖြတ် တောက်
ကိုယ့် လမ်း ကိုယ် လျှောက် တော့ မယ် လို့
အ ခါ ခါ တွေး မိ လေ ရဲ့ ….။…..။
ဒါ ပေ မယ့် လေ….
“ လမ်း ခွဲ ” ဆို တဲ့ ဘူ တာ ရောက် တိုင်း
တ ယောက် မျက် နှာ တ ယောက် ကြည့်
တ ယောက် ရင် ခုန် သံ တ ယောက် ပြန် နား ဆင်
နင် မ ရှိ တဲ့ လမ်း ငါ ဘယ် လို လှမ်း မ လဲ လို့
မေး ခွန်း တွေ ထုတ်
ရ လာ တဲ့ အ ဖြေ က….
နင် မ ရှိ ပါ ပဲ ငါ လည်း ရှေ့ မ ဆက် ချင် တဲ့ . ..

ကဲ … ဒီ လို နဲ့ နောက် ဆုံး တော့ လည်း
ပို နေ မြဲ ကျား နေ မြဲ
ကျွန် မ လည်း သူ့ ရင် ခွင် ထဲ
အ လို လို ပြန် ရောက် သွား တော့ တာ ပါ ပဲ ….
ခု တော့ လည်း …..
ကျွန် မ တို့ ရဲ့ ပ ဋိ ပ က္ခ လေး က
ကျွန် မ တို့ ကို ထောင့် တ ထောင့် က နေ
မျက် စောင်း ထိုး နေ လေ ရဲ့ ….။
သြော် … ဒါ နဲ့… ကျေး ဇူး နော် ချစ် သူ ရေ …
ကျွန် မ သိပ် ချစ် ရ တဲ့ ရှင့် ဆီ က
ချစ် ခြင်း အ ပြည့် နဲ့ နှ လုံး သား တ စုံ ကို
လက် ခံ ရ ရှိ ခဲ့ တဲ့ အ တွက် ပေါ့ …..။ ....။
ရှင်ထိပ်ထား
Feb 2010

Sunday, April 18, 2010

ခံစားချက်

"ချစ် တယ် " လို့
ပြော ခွင့် မ ရှိ တော့ တဲ့
နှုတ် ခမ်း. . . ။
"လွမ်း တယ် " လို့
ပြ ခွင့် မ ရှိ တော့ တဲ့
မျက် ၀န်း. . . ။
"ဆ န္ဒ" တွေ ကို
အ ကောင် အ ထည် ဖော် ခွင့် မ ရှိ တော့ တဲ့
ဘ ၀. . .။
အ ရာ ရာ
စည်း မျဉ်း ဥ ပ ဒေ
ငဲ့ ညာ မှု တွေနဲ့
ငါ. . .။
ဘာ တွေ ကို ယိုး မယ် ဖွဲ့ ရ မ လဲ?
စိတ် ရဲ့ စေ ရာ
ဆ န္ဒ တွေ ရဲ့ နောက်
ကောက် ကောက် ပါ အောင် လိုက် ချင် ပေ မယ့်
(ငါ လေ) ရူး မ တတ် ပါ ဘဲ . . . ။
ဒါ ပေ မယ့် လေ. . .
အ ချစ် ဆို တာ
လူ သိ ရှင် ကြား ဖြစ်ဖို့ မ လို လှ ဘဲ
အ ချစ် စစ် အ ချစ် မှန် နဲ့အ တူ
ရင် ထဲ မှာ ချစ် နေ တာ လည်း
အ ချစ် ပါ ပဲ နော်. . . ။
ဒီ လို ပါ ပဲ. . .
ခံ စား မှု တွေ များ လာ တော့
ဖြေ သိမ့် တတ် ခဲ့ ပြီ. . .။
အ ဓိ က က
ကိုယ် က ချစ် နေ ဖို့
သူ က သိ နေ ဖို့
ဒါ ဆို
ဘာ လို သေး လဲ နော် !

ချစ်သူ့ အမုန်းကျိန်စာ

ကျွန်ုပ် သည် သင့် အား အ သက် နှင့်
ထပ် တူ ထပ် မျှ မြတ် နိုး ရ ပါ သော ကြောင့်
ငါ မှ လွဲ ၍ တ ပါး သူ ကို ချစ် ရန် ...
သ စ္စာ ဖောက် သော အခါ
ငါ ၏ နှ လုံး သား ကြေ ကွဲ ရ သ ကဲ့ သို့
သင် လည်း .. ထပ် တူ ထပ် မျှ ခံ စား ရ ပါ စေ ..
ငါ့ မျက် ရည် တ စက် ကျ တဲ့ အချိန်
သင့် အ သည်း တ ပဲ့ ကြွေ သွား ပါ စေ ...
ငါ့ ရင် ထဲ အ ဆွေး နှင့် ပြည့် နှက် နေ သော အခါ
သင့် ရင် ထဲ လည်း မွန်း ကျပ် လို့ အ နေ ခက် ပါ စေ...
ငါ့ ခေါင်း ထဲ ပြ ဿ နာ တို့ နှင့် လောင် ကျွမ်း ခဲ့ လျှင်
သင့် ကိစ္စ တို့ သည် လည်း သ ပွတ် အူ ပ မာ ရှုပ် ထွေး ပါ စေ...
ငါ ၏ ည ဘက် အိမ် မက် တို့ ထွက် ပြေး ခဲ့ သော်
သင့် မျက် ခွံ များ သည် လည်း အ ပိတ် ခတ် ပါ စေ ...
အ ကယ် ၍. . .
ငါ့ ခ န္ဓာ ထာ ၀ ရ အ နား ယူ ချိန် ရောက် လာ သော အ ခါ တွင် လည်း
သင် သည် ဒူး ထောက် ယုံ မှ တ ပါး
အ ခြား ရွေး စ ရာ လမ်း မ ရှိ ပါ စေ နှင့် ... ။ ... ။
ရှင် ထိပ် ထား
Oct 22 , 2009

ကျွန်မ၏ အချစ်

အ ချစ် သည်
ဆုတ် ကိုင် သိမ်း ပိုက် ထား ၍
မ ရ သော အ ရာ တ ခု ဖြစ် ခဲ့ မည် ဆို ပါ က
ကျွန် မ သည် ဖမ်း ဆုပ် ဖို့
ကြိုး စား မည် မ ဟုတ် ပါ ..။ ..။
အ ဘယ့် ကြောင့် ဆို သော် ..
သူ တည် ရှိ နေ သည် ကို ကျွန် မ သိ ၍
သူ လည်း သိ နေ မည် မှာ အ သေ အ ချာ ဖြစ် သည် ...။ ...။
...................................................................................................
ရည် ရွယ် ထား ခြင်း မ ရှိ ပါ ဘဲ
ကြီး မား သော ချစ် ခြင်း အား ဖြင့်
သူ့ အား ချစ် မိ သွား သော အ ခါ
ကျွန် မ သူ့ ကို ဘယ် တော့ မှ
မေ့ ပစ် လိမ့် မည် မ ဟုတ် ပါ ...
ထို့ အ တူ
ကျွန် မ သည် လည်း
သူ ၏ နှ လုံး သား တွင်
ထာ ၀ ရ
ရှင် သန် နေ နိုင် သည် မှာ
သေ ချာ မည် ဖြစ် သည် ... ။ ...။
ရှင် ထိပ် ထား






အမြတ်တနိုး


ကွန်ပြူတာ ဖန်သားပြင်ပေါ်က typping စာလုံး ညီညီလေးတွေထက်
နင့်ရဲ့ မညီမညာ လက်ရေးလေးတွေကို ငါ မက်မောတယ် ...
အဆိုတော်တွေရဲ့ ချိုမြမြတေးသွားတွေထက်
နင့်ရဲ့ သြရှရှ သံစဉ်တွေကို ငါ တမ်းတတယ် ...
တပါးသူတွေရဲ့ နှစ်သိမ့်တတ်တဲ့ စကားလုံးတွေထက်
နင့်ရဲ့ ခပ်မာမာအမိန့်တွေ ငါနှစ်လိုတယ် ...
ဒီလိုပါပဲ ... နင့် အငွေ့အသက်တွေ ပါနေတဲ့
နင်နဲ့ ပတ်သတ်သမျှ အရာ အရာ တိုင်းကို
ငါ ... အမြတ်တနိုး တန်ဖိုးထားတယ် ... ။ ...။
ရှင်ထိပ်ထား
Aug 11,2009

လေလွင့် နတ်သမီး

ဦး တည် ချက် မ ရှိ ဘဲ
မျော လွင့် နေ ချင် တယ်
သူ့ အ နား များ
ရောက် သွား မ လား လို့. . .
အ ရာ ရာ ကို မုန်း ပြီး
အ ရှူံး ပေး ချင် နေ ပေ မယ့်
နင့် တော့ ချစ် နေ သေး တယ် ဟ !
လမ်း ကြုံ ရင် တော့ ပြော လိုက် စမ်း ပါ
အဲ ဒီ "ဝေး ကွာ ခြင်း" ဆို တဲ့ ကောင် ကို
ဒီ တ သက် က မ္ဘာ မ ကြေ ဘူး.. လို့ . . .
ရှင် ထိပ် ထား

Tuesday, April 13, 2010

ချစ်၍ မုန်းခဲ့သည်

                                                        မတွေးတတ်ခဲ့ပါ
မဝေးရက်ဘူး အခါခါဆို
(ဒါကြောင့်ပဲ)
ငါဟာ ငိုဖို့ကိုတောင် မစဉ်းစားခဲ့မိဘူး..
ဝေးတစ်သက်သက်ကွာ
ဘေးထွက်ကာ လိုရာဆို
(အခုတော့ မင်းဟာ... )
ကဗျာအိုတစ်ပုဒ်လောက်တောင် ဖတ်လို့မကောင်းဘူး..
ဆွေးလျှက်နဲ့ငါ
ငေးရက်သာ အခါခါငို
တမာအို ဖန်ခါးမြေမှ
ကညာပျို စံထားလောက်ပါရဲ့
မာန်ဖျောက်ကာ ခေါင်းငုံပေးခဲ့ပေမယ့်
ချန်လောက်စရာ ကြောင်းမရှိပဲ
ကန်ကြောက်ခါထားခဲ့ရက်တယ်..
(အခုတော့လဲ..)
တရေးရေးနဲ့နာ
စို့တက်လာ ရင်ခွင်ပျို
အခါခါ ငိုရတော့
(မင်းကိုလေ....)
ငါ...ကမ္ဘာပြိုကျတဲ့ အထိမုန်းတယ်....

စစ်သွေး