Thursday, February 18, 2010

အသင်

အ သင်. . .
ငါ့ မျက် ၀န်း မှာ လည်း ညှို့ ချက် ဆို တာ
မ ဆင် မြန်း ခဲ့ ပါ. . .
ငါ့ အ ပြုံး မှာ လည်း မာ ယာ ဆို တာ
မ ကွန်း ခို ခဲ့ ပါ. . .
ငါ့ စ ကား မှာ လည်း မု သား လ င်္ကာ
မ ဖွဲ့ ဆို ခဲ့ ပါ. . .
အ ဘယ် သို့ များ ကြောင့်. . .
ငါ့ နှ လုံး သား အား.. ...
အ သင် ... ရက် စက် အ ငြိုး ကြီး စွာ
ချေ ဖျက် ခဲ့ ပါ သ နည်း. . .။
တ ကယ် ဆို. . . .
ခပ် စိမ်း စိမ်း တိုက် ခတ် နေ တဲ့ လေ စိမ်း ကြား မှာ
ရှင် သန် ပေါက် ရောက် နေ တဲ့
နှ လုံး သား မြက် ပင် နု ငယ်
သင့် အ ပေါ်
နာ ကြည်း ရက် စက် မှု တွေ နဲ့
တိုက် ခိုက်ခြင်း မ ဟုတ်
သင်... ရှင် သန် ဖို့ အ တွက်
တိုက် ခတ် ပေး ခြင်း ပါ....။
နေ ၀င် ချိန် ရဲ့ အ လင်း တံခါး ပေါက် တွေ ကြား
အ လင်း ရောင် ဖျော့ တော့ တော့ လေး
ဝင် ရောက် လာ ရင် တောင်
အ သင့် ကို
မျှော် နေ ခဲ့တယ်ဆို. . .
အ သင် ဟာ..
ငါ့ နှ လုံး သား ထဲ က တ စ္တေတ ကောင်
ဖြစ် ခဲ့ ဖူး ပါ လိမ့် မယ်. . .။
အ သင်...
အ သင် ဟာ
နေ မ ၀င် အင် ပါ ယာ တောင် ထောင် ခဲ့ ပြီး ပြီ ပဲ
အ ဘယ် အ တွက်
ငါ့ နှ လုံး သား ကို... အ သင်
ယဇ် ပူ ဇော် ဖို့ ကြံ ရွယ် နေ သေး သ နည်း... ။ .....။

ရှင်ထိပ်ထား
Oct 18,2009 (12:45am)




No comments:

Post a Comment