Monday, April 19, 2010

ပဋိပက္ခ

တ ခါ တ ခါ…
နား လည် မှု တွေ လွဲ
ရန် ပွဲ တွေ ကြား မှာ
သူ ရဲ့ ဒေါ သ သံ လွှမ်း တဲ့ စ ကား လုံး တွေ အောက်
မ ပီ မ ပြင် တိုး ရှိုက် သံ တွေ နဲ့
ငို ကြွေး ခဲ့ ရ ဖူး တယ် …..။……။
အဲ ဒီ အ ချိန် တွေ မှာ လေ …
“ သ ဘော ထား ခြင်း မ တိုက် ဆိုင် ပါ သ ဖြင့် ….” လို့
ခေါင်း စဉ် တပ်
လမ်း ခွဲ ဖို့ အ ရေး
အ သေ အ ချာ တွေး လို့
ချည် နှောင် တဲ့ ကြိုး ကို ဖြတ် တောက်
ကိုယ့် လမ်း ကိုယ် လျှောက် တော့ မယ် လို့
အ ခါ ခါ တွေး မိ လေ ရဲ့ ….။…..။
ဒါ ပေ မယ့် လေ….
“ လမ်း ခွဲ ” ဆို တဲ့ ဘူ တာ ရောက် တိုင်း
တ ယောက် မျက် နှာ တ ယောက် ကြည့်
တ ယောက် ရင် ခုန် သံ တ ယောက် ပြန် နား ဆင်
နင် မ ရှိ တဲ့ လမ်း ငါ ဘယ် လို လှမ်း မ လဲ လို့
မေး ခွန်း တွေ ထုတ်
ရ လာ တဲ့ အ ဖြေ က….
နင် မ ရှိ ပါ ပဲ ငါ လည်း ရှေ့ မ ဆက် ချင် တဲ့ . ..

ကဲ … ဒီ လို နဲ့ နောက် ဆုံး တော့ လည်း
ပို နေ မြဲ ကျား နေ မြဲ
ကျွန် မ လည်း သူ့ ရင် ခွင် ထဲ
အ လို လို ပြန် ရောက် သွား တော့ တာ ပါ ပဲ ….
ခု တော့ လည်း …..
ကျွန် မ တို့ ရဲ့ ပ ဋိ ပ က္ခ လေး က
ကျွန် မ တို့ ကို ထောင့် တ ထောင့် က နေ
မျက် စောင်း ထိုး နေ လေ ရဲ့ ….။
သြော် … ဒါ နဲ့… ကျေး ဇူး နော် ချစ် သူ ရေ …
ကျွန် မ သိပ် ချစ် ရ တဲ့ ရှင့် ဆီ က
ချစ် ခြင်း အ ပြည့် နဲ့ နှ လုံး သား တ စုံ ကို
လက် ခံ ရ ရှိ ခဲ့ တဲ့ အ တွက် ပေါ့ …..။ ....။
ရှင်ထိပ်ထား
Feb 2010

No comments:

Post a Comment