ဝါရွက်တွန့်ကွေး သစ်ရွက်ဆွေးတို့
ကြွေကျလို့ မြေခ
(ဒီအချိန်က) နွေဦးရဲ့ အစလဲ ဖြစ်နေခဲ့ပါတယ် ...။
ရာသီနှစ်ပြောင်း တပေါင်းအကူးမှာ
နှောင်းခဲ့ပေါ့ ဆောင်းအတိတ်ကိုပ
လွမ်းဆွတ်တာ တစ်ခါပြန်တော့
(ဒီနေ့မှာလေ) ရာသီနှစ်ခု ဖြစ်တည်မှုနဲ့ သူ့ကိုလွမ်းလို့
မငိုရဘဲ မျက်ရည်ဝိုင်းခဲ့မိပါတယ် ...။
(တကယ်ဆိုက)
သမုဒ္ဒယအပြုံး အနက်ဆုံးမို့
တသက်လုံးနှောင်မိ ရုန်းထွက်ခွင့်လည်း မရှိခဲ့ပါ။
သံယောဇဉ် တိုးပွား မြတ်နိုးမှုများလာတဲ့အခါ
ပူလောင်တင်းကျပ် ရုန်းထွက်ရလဲ ခက်နေခဲ့ပါတယ် ...။
ရင်မှာ ခိုအောင်း ဝေဒနာများဝေးအောင်
ဖြေလျော့ လွတ်ပေး သံယောဇဉ်နှင့် အဝေးအား
ထွက်ပြေး လွတ်မြောက်အောင် ရှောင်းပုန်းခွင့်များ
ကျွန်ုပ်အား ပေးသနားပါ အရှင် ...!
(မေ့ထားသော်လည်း သတိရဆဲဖြစ်သော လတိုင်း၏ 26th အမှတ်တရသို့)
No comments:
Post a Comment