ငါ့ ကို
မင်း မ သိ ဘူး လို့ ပြော ရင်
ငါ့ မျက်လုံး ကို စေ့ စေ့ ကြည့် စမ်း ပါ။
ရင် မ ခုန် တော့ ပါ ဘူး လို့ ငါ ယုံ သွား လောက် မယ့်
ခပ် စိမ်း စိမ်း မျက် ၀န်း များ နဲ့ ပေါ့ ။
နာ ကျည်း ချက် တွေ ကို လည်း ဖုံး ကွယ် မ ထား ပါ နဲ့။
နာ ကျင် ခဲ့ ရ တဲ့ မျက် ရည် တွေ ကို သာ
ငါ မ မြင် အောင် ဟန် ဆောင် ထား စမ်း ပါ ကွယ် ။
တို့နှစ် ယောက် ဟာ
တ ချိန် တုန်း က မဆုံ ခဲ့ ရ တဲ့ အချစ် ရူး ရူး ခဲ့ သူ တွေ ပေါ့ ။
ဒါ တွေ ကို မင်း မ သိ ဘူး လို့ ပြော ရင်
ငါ့ မျက် လုံး ကို စေ့ စေ့  ကြည့် စမ်း ပါ ။
ငါ မ ယုံ နိုင် အောင် ပြောင်း လဲ သွား မယ့်
ခပ် စိမ်း စိမ်း စ ကား လုံး များ နဲ့ ပေါ့ ။
မေ့ နေ ရင် တောင် မ မေ့ ဘူး ဆို တဲ့
အ မုန်း တ ရား များ နဲ့ အ ဝေး ကို လွင့် သွား မယ့်
ခြေ လှမ်း များ ဟန် ဆောင် မှု နဲ့ ငါ့ အ နား ကို လာ စမ်း ပါ။
တို့ နှစ် ယောက် ဟာ နောင် ဘ ၀ အ ထိ သူ စိမ်း တွေ ဖြစ် နေ ဦး မယ် ဆို တာ
မ ယုံ မ ရဲ နဲ့ ယုံ မှတ် သွား လောက် သည် အ ထိ
ငါ့ မျက် လုံး ကို မင်း ... စေ့ စေ့ ကြည့် လိုက် စမ်း ပါ ကွယ် ။ ။
နန်း
No comments:
Post a Comment