Saturday, August 14, 2010

မွေးနေ့မှာ မောင်တယောက် ပျော်ရွှင်ပါစေ...

အတူမရှိဖူးပေမယ့်


ဖြစ်ခဲ့ဖူးတဲ့ သံယောဇဉ်ကြောင့်


အမှတ်တရ နေ့စွဲတွေကိုတော့


အစဉ်ထာဝရ သတိရနေဆဲပါ


"မောင်"။


ပိုခဲ့ဖူးတဲ့ စေတနာ


ထားခဲ့ဖူးတဲ့ မေတ္တာ


ပေးခဲ့ဖူးတဲ့ အကြင်နာတွေရယ်ကြောင့်


"မောင်တယောက် အစစအရာရာ


အဆင်ပြေပါစေ"လို့


မောင့်ရဲ့အဝေး ကမ္ဘာမြေလေးက


ရင်ဝယ်တောင်းဆု ပြုမိပါတယ်


"မောင်"။


နှစ်စဉ်နှစ်တိုင်း ဒီနေ့မျိုးမှာ


တူယှဉ်တွဲလို့ မောင့်ရဲ့အနား


အဖော်ပြုပေးချင်ပေမယ့် ...


.................................။


ပြောခွင့်ရယ် မကြုံ


ဆုံခွင့်ရယ် မရတဲ့


ဒီအခြေအနေမှာတော့


ဖြစ်နိုင်မယ်ဆိုရင်လေ...


သြော်...


မောင့်အနားကို တိုးကပ်လို့


ဒီလိုလေး ပြောလိုက်ချင်မိရဲ့...


"မွေးနေ့မှာ မောင်တယောက် ပျော်ရွှင်ပါစေ"။



ရှင်ထိပ်ထား
Aug15,2010

1 comment:

  1. ˙ǝɹnʇnɟ ǝɥʇ uı ssǝɔɔns ǝɹoɯ uıɐƃ noʎ ǝdoɥ ı

    ¡dn ʇı dǝǝʞ ˙pooƃ sʞooן ƃoןq ɹnoʎ
    ¿noʎ ǝɹɐ ʍoɥ ¡oןןǝɥ

    ReplyDelete