Sunday, February 19, 2012

သုံးရာသီစာ အလွမ်း


လွမ်းရတဲ့ အရသာက
ချစ်ရတဲ့ အရသာထက်
ပိုချိုမြိန်တယ်လို့ သူမ ပြောဖူးတယ်။

အတူရှိဖူးတဲ့ ခဏတွေကို
မကြာမကြာ ထုတ်ကြည့်ရင်း
လတိုင်းရဲ့ ပထမဆုံးနေ့(Anniversary)ကို
သတိတရ ခုံမင်နေတတတ်တယ်။

တခါတခါ
စည်းချက်မညီ ပြန့်ကျဲသွားတဲ့
ရင်ခုန်သံအပိုင်းအစတွေကို
တစစီ လိုက်ကောက်ကြည့်နေတတ်တယ်။

မဆိုင်တော့ပေမယ့်
လှုပ်ခတ်နေဆဲ ၀ဲဘက်ရင်ဘတ်အောက်က
နှလုံးသားတစုံမှာ
သူ့အတွက်
သုံးရာသီစာ အလွမ်း
သူမ ပျိုးထားတယ်။ ။

ရှင်ထိပ်ထား
Sep 1, 2011


No comments:

Post a Comment