Friday, June 29, 2012

တရာသီစာ အလွဲ

April .. April ... မင်း သိပ်လှတယ် April...
မင်းရဲ့ရက်စက်မှုက သိပ်ကို လက်ရာမြောက်လွန်းလှတယ် April
ငါ့ရဲ့နှလုံးသားကို အခါခါ ဆွဲထုတ်ခဲ့တာလည်း .. မင်းပဲ April
ငါ့ မနက်ခင်း အလင်းတွေကို အကြိမ်ကြိမ်အမှောင်ချခဲ့တာလည်း မင်းပဲ April
တကယ်ဆို... ငါဟာ.. ပျော့ညံ့တဲ့ သူတယောက်ပါ April
မင်းနဲ့တွေ့တိုင်း ပျော်ရွှင်ရသူတွေ အများကြီးထဲမှ
ငါနဲ့ကျမှ ကြေကွဲခြင်းတွေသာ ခံစားစေရတယ်တဲ့လား
မင်း ကျေနပ်လိုက်ပါတော့ April
ဒီနှစ်လည်း မင်းနှစ်ပါပဲ...
မင်းနိုင်ပါတယ် April...

ရှင်ထိပ်ထား
Apr 10,2012
(7:30pm)

No comments:

Post a Comment