Sunday, April 18, 2010

အမြတ်တနိုး


ကွန်ပြူတာ ဖန်သားပြင်ပေါ်က typping စာလုံး ညီညီလေးတွေထက်
နင့်ရဲ့ မညီမညာ လက်ရေးလေးတွေကို ငါ မက်မောတယ် ...
အဆိုတော်တွေရဲ့ ချိုမြမြတေးသွားတွေထက်
နင့်ရဲ့ သြရှရှ သံစဉ်တွေကို ငါ တမ်းတတယ် ...
တပါးသူတွေရဲ့ နှစ်သိမ့်တတ်တဲ့ စကားလုံးတွေထက်
နင့်ရဲ့ ခပ်မာမာအမိန့်တွေ ငါနှစ်လိုတယ် ...
ဒီလိုပါပဲ ... နင့် အငွေ့အသက်တွေ ပါနေတဲ့
နင်နဲ့ ပတ်သတ်သမျှ အရာ အရာ တိုင်းကို
ငါ ... အမြတ်တနိုး တန်ဖိုးထားတယ် ... ။ ...။
ရှင်ထိပ်ထား
Aug 11,2009

No comments:

Post a Comment