Tuesday, April 13, 2010

ချစ်၍ မုန်းခဲ့သည်

                                                        မတွေးတတ်ခဲ့ပါ
မဝေးရက်ဘူး အခါခါဆို
(ဒါကြောင့်ပဲ)
ငါဟာ ငိုဖို့ကိုတောင် မစဉ်းစားခဲ့မိဘူး..
ဝေးတစ်သက်သက်ကွာ
ဘေးထွက်ကာ လိုရာဆို
(အခုတော့ မင်းဟာ... )
ကဗျာအိုတစ်ပုဒ်လောက်တောင် ဖတ်လို့မကောင်းဘူး..
ဆွေးလျှက်နဲ့ငါ
ငေးရက်သာ အခါခါငို
တမာအို ဖန်ခါးမြေမှ
ကညာပျို စံထားလောက်ပါရဲ့
မာန်ဖျောက်ကာ ခေါင်းငုံပေးခဲ့ပေမယ့်
ချန်လောက်စရာ ကြောင်းမရှိပဲ
ကန်ကြောက်ခါထားခဲ့ရက်တယ်..
(အခုတော့လဲ..)
တရေးရေးနဲ့နာ
စို့တက်လာ ရင်ခွင်ပျို
အခါခါ ငိုရတော့
(မင်းကိုလေ....)
ငါ...ကမ္ဘာပြိုကျတဲ့ အထိမုန်းတယ်....

စစ်သွေး

No comments:

Post a Comment