Wednesday, December 22, 2010

မျှော်လင့်ခြင်း ပန်းခင်း


သူ ပြုံးတဲ့ အပြုံးတွေတိုင်းမှာ
ကျွန်မအတွက်
မနက်ဖြန်တွေ ရှိတယ်...။
သူ ပြောတဲ့ စကားတွေတိုင်းမှာ
ကျွန်မအတွက်
ဘ၀တွေ ရှိတယ်...။
သူ ဖန်ဆင်းတဲ့
မျှော်လင့်ခြင်း ပန်းခင်းထဲမှာ
နွေးထွေးမှုနဲ့အတူ
ထာဝရ အိပ်စက်ချင်တယ်...။ ...။

ရှင်ထိပ်ထား
NOV 25, 2010
11:11pm

No comments:

Post a Comment