Friday, February 11, 2011

သင်သွားလိုရာ သွားနိုင်ပြီ

ကမ်းလင့်တဲ့ အကြည့်တွေနဲ့ မကြည့်မိတော့ပါ။
မျှော်မိတဲ့ အတွေးတွေလည်း သိမ်းခဲ့ပါပြီ။
ငါ့အပါးက
သင် ထွက်ခွာသွားသည့်နောက်
သင့်...အပြုံးလှလှများ...တပါတည်း...ယူ..ဆောင်..သွား..ပါ။
သင့်...စကားချိုချိုများ...တပါတည်း...ယူ..ဆောင်..သွား..ပါ။
သင့်...အိမ်မက်များ...ငါ့ညတွေမှ...ရုတ်..သိမ်း..သွား..ပါ။
ငါ့၏ နေ့ညများကို ငါသာ ပိုင်ဆိုင်ပါစေ။
သင့်အား ငါ့၏နှလုံးသား ပုရ၀ုဏ်မှ
နောက်တကြိမ် ထပ်မံ ဖြတ်သန်းခွင့်မပြု။
နောက်တကြိမ် ထပ်မံ ကျူးကျော်စော်ကားခွင့်မပြု။
သင့်အား ငါ၏ချစ်ခြင်းနှောင်ကြိုးမှ အပြီးအပိုင် လွတ်မြောက်ခွင့်ပြုသည်။
(သို့မဟုတ်)
သင့်အား ငါ၏ကြေကွဲခြင်း နတ်သမီးက မီးရှို့သဂြိုလ်ခဲ့သည်။
"သင်သွားလိုရာ သွားနိုင်ပြီ"။
ရှင်ထိပ်ထား
Feb 8.2011
(11:00pm)

No comments:

Post a Comment