Saturday, October 16, 2010

ညနက်နက်






(၁)

အချစ်ဆိုတာ

တခါတလေ ယစ်မူးစေသလောက်

တခါတလေကျ ကဗျာတပုဒ်လောက်တောင်

အသုံးမကျဘူး !



(၂)

အတ္တကင်းတဲ့ မေတ္တာဆိုတာ

မျက်ရည်မကျွေးဘဲနဲ့

ဘယ်မှာများ ရနိုင်လို့လဲ ?



(၃)

ညီမျှတဲ့ ချစ်ခြင်း

စစ်မခင်းဘဲ ရချင်တယ် ။



(၄)

မွန်းကျပ်မှုကို

ဘောင်ခတ်ပြီးနေရတဲ့ ဘဝ

ကိုယ့်ကိုကိုယ်

အဆိပ်ကျွေးသတ်နေသလိုပဲ ။



(၅)

ငါ့ရဲ့ကောင်းကင်

ငါ့ကို လွတ်လပ်ခြင်းနဲ့

မျှော်လင့်ချက် တစုံသာ

ထောက်ပံ့ပါ

ငါ

အသင့်ဆီ

အရောက်လှမ်းခဲ့ပါ့မယ်

ငါ့ နောက်တော့

ဘယ်သူမှ လိုက်မလာပါစေနဲ့...

ငါ တယောက်တည်း . . .

ငါ တယောက်တည်း . . .

ငါ တယောက် . . .

ငါ . . .



(ရှင်ထိပ်ထား)

No comments:

Post a Comment