Friday, October 22, 2010

လွတ်လပ်သော နှလုံးသားသို့ လွမ်းခြင်း




လွမ်းတယ်...

လွတ်လပ်တဲ့ ဘ၀ကို
သိပ်လွမ်းတယ်.... ။

ညတိုင်း မေ့ရင်ခွင်မှာ
အိပ်စက်ခဲ့ရချိန်တွေ
လွမ်းတယ်....။

မနက်တိုင်း
ငါ့ အိပ်ချိန်တွေ
နှောင့်ယှက်တတ်တဲ့
ငါ့အမ သမီးကြီးကို
လွမ်းတယ်...။

လမ်းထိပ်ဆိုင်က
ပဲပလာတာနဲ့ လက်ဖက်ရည်ကို
လွမ်းတယ်....။

သူငယ်ချင်းတွေနဲ့
လက်ဖက်ရည်ဆိုင်
တူတူထိုင်ခဲ့ချိန်တွေ
လွမ်းတယ်....။

မေ မသိအောင်
ဂီတာတီး ခိုးသင်ခဲ့ချိန်တွေ
လွမ်းတယ်....။

ကြောင်နံ့တွေ နံနံနဲ့
စာသင်ခန်းကြီးနဲ့
ညီမလေးတွေကို
လွမ်းတယ်...။

"နင်လိမ္မာသင့်ပြီ" ဟု
ဆုံးမတတ်သော
(တကယ်တော့ သူကိုယ်တိုင်တောင်
မလိမ္မာသေးသော)
သယ်ရင်းကြီး ငဂျူးနဲ့
CLASS က ဘော်ဒါတွေ
လွမ်းတယ်...။

ပြီးတော့
ငါ့ကို မျက်ဝန်းနက်တစုံနဲ့
ခိုးခိုးကြည့်တတ်သော
(ပြီးကျ သူကပဲရှက်နေတတ်သော)
အဲ့ကောင်လေးကိုလည်း
လွမ်းတယ်....။.....။

ရှင်ထိပ်ထား
OCT 19,2010
6:30pm

No comments:

Post a Comment