Tuesday, June 1, 2010

သခင်



"သခင်"
တင်းတင်းကိုက်ထားတဲ့ ငါ့... နှုတ်ခမ်းတစုံ
သွေးအလိပ်လိပ်နဲ့ ကွဲထွက်သွားပါစေ
ငါ... အံကြိတ်ပြီး လက်သီးကိုတင်းတင်းဆုတ်ထားတယ်
"နင့်ကို ချစ်တယ်" ဆိုတဲ့စကား
ထွက်မကျအောင်ပါ ... သခင်

ဖြစ်နိုင်ရင်ပေါ့ ...
ငါ့... ရင်ကိုခွဲ သုသေသနပြုလုပ်ကြည့်ရင်
နီမြန်းတဲ့ သွေးစက်တွေကြားက
နင့်... နာမည်တမျိုးတည်းကိုသာ
တွေ့ရမှာပါ ... သခင်

ငါ... ကတော့
နှလုံးသား ရေလည်အုံကြီး စုတ်ကွဲသွားသည်အထိ
ငါ့... ခရီးကို လူမသိသူမသိ မောင်းနှင်နေရဦးမှာပါ

အဝေးတနေရာက ဖြူစင်တဲ့ပန်းတပွင့်
ငါ... အရမ်းချစ်တဲ့ မင်းအတွက်
ကြိတ်မှိတ်မြိုသိပ်ရင်း
ငါ့... နှလုံးသားကို မင်းဆီမှာ ကြိုးစင်တင်လိုက်ပြီ... သခင်

ZOE

No comments:

Post a Comment