Tuesday, November 16, 2010

သတ်ပုံမှားခြင်း





အဖြေသိပြီးသား
ပုစ္ဆာတပုဒ်ကို
မေးခွန်း အခါခါ
ထုတ်နေစရာ
လိုလို့လား. . .?

နင်နဲ့ငါ့အကြား
မှားနေတဲ့ သတ်ပုံက
ဘယ်သူစစ်စစ်
မှန်လာမှာမှ မဟုတ်တော့တာ...။

နင်လည်း နင့်အတ္တကို
ရှိခိုးနေသလို
ငါလည်း ငါ့မာနကို
ကိုးကွယ်နေတာ
ငါတို့နှစ်ယောက်လုံး
မှားတယ်လို့ မတွေးမိတော့ဘူး။

ဒီလောက်ခင်းကျင်းပြထားတာမှ
နင်က မလုံလောက်သေးရင်
ဒီမှာလေ...
ဒဏ်ရာဗလာပွနဲ့ ရင်ခွင်ဟောင်းကြီးပဲ
ကျန်တော့တယ်...။

ကဲ... ပြော
သိပ်စိတ်မရှည်တော့ဘူး...!
နင်... လိုချင်သေးလား...? ... ?


ရှင်ထိပ်ထား
(NOV 16,2010)
(3:56pm)

No comments:

Post a Comment