Monday, May 10, 2010

မေမေသို့. . .


တမ်းတမိသည် မေမေ့အပြုံး

နွမ်းနေသော်လည်း ပန်းသည်မထင်

အေးချမ်းမှုပေး ထိုအပြုံးအား

မော်ဖူးချင်သည်

မြတ်နိုးတွယ်တာကြီးစွာဖြင့်. . .


တမ်းတမိသည် မေမေ့ရင်ခွင်

ဝေးနေသော်လည်း နွေးဆဲမေတ္တာ

ကရုဏာအပြည့် ထိုရင်ခွင်အား

ပြန်လို့တိုးဝင်

လုံခြုံချင်သည်

ယုံကြည်အားကိုးမှုများနှင့် . . .


ရှင်ထိပ်ထား

(May 9 , 2010)

(2:00 pm)
2010 အမေများနေ့အမှတ်တရ ...

No comments:

Post a Comment