Friday, May 14, 2010

မြတ်နိုးမှု အမုန်း

မောင်
အချစ်နှင့် အမုန်းကြား
ဗျာများခြင်းတွေလည်း
အဆုံးသတ်တတ်ခဲ့ပြီ မောင်။
မောင် ပေးခဲ့တဲ့
အလွမ်းဆိုတာလည်း
သဘာဝမှာ
အထာကျနေခဲ့ပြီ မောင်။
မကြာခဏ
မြင်နေကျ မျက်ဝန်းညိုလည်း
အိပ်မက်ကမ္ဘာမှာ
ချန်ထားရစ်ခဲ့ပါပြီ မောင်။
ဒါပေမယ့်ကွယ်
တဘ၀မှာ တခါသာချစ်တဲ့
နှလုံးသားမိုက်ပြစ်အတွက်
မောင့်အမုန်းတွေကို
ထာဝရ
သိမ်းထားခွင့်ပြုပါ မောင်။ ။
ခင်ဟန်နီ

No comments:

Post a Comment