Friday, May 14, 2010

ငါ့ဘဝ


တကယ်တော့ ငါဟာ နင့်အတွက် အရုပ်တရုပ်ပါပဲ
နင် လိုအပ်နေတဲ့ အချိန် ငါ့ကိုယုယ ငါ့ကိုကြင်နာ ငါနဲ့ဆော့ကစား
အဲဒီအချိန်တွေ သိပ်ကြည်နူးဖို့ကောင်းတယ်ဟ
ဒါပေမယ့် ငါ. . . နင့်လိုအပ်ချက်တွေ ဖြည့်ဖို့ အချိန်မမှီတော့ရင်
ငါဟာ နင့်အတွက် စက္ကူစုတ်လောက်မှ အသုံးမ၀င်တော့ဘူးဆိုတဲ့ အကြည့်တွေနဲ့
ငါ့ကို ပိုင်ဆိုင်ရခြင်းအပေါ် အမုန်းကြီးမုန်း
နင့်ဒေါသတွေ ငါ့ကို ပေါက်ကွဲ
ငါဟာ ထောင့်တထောင့်မှာ တိတ်တိတ်လေး နင့်ကို ငေး ကြည့် . . . . . . . .
အဲဒီအချိန်တွေမှာ ငါ ဘာဖြစ်နေလဲ နင် တွေးမိလား ? ? ? ?
ငါလေ . . .
နင့်လိုအပ်ချက်ကို မသိလိုက်ခြင်းအပေါ် နောင်တတွေ တနင့်တပိုး
နင့်အကြိုက် ငါ့မှာ မရှိခဲ့ခြင်းအပေါ် ငါ့ကိုယ်ငါ အမုန်းကြီးမုန်း
နင် ငါ့ကို ရင်ခွင်ထဲ ပိုက်ပြီး တယုတယ ပြန်ဆော့ကစားမယ့်အချိန်ကို တိတ်တိတ်လေး တမ်း . . . .
အဲဒါ ငါ့ဘ၀တဲ့ . . . . . . . . .
ငါ သိပါတယ်ဟာ နင်ငါ့ကို စွန့်ပစ်သွားမှာ မဟုတ်သေးဘူးဆိုတာ
ဘာလို့လဲ သိလား . . . . . . .?
ငါက နင့်အတွက် အကြမ်းခံတဲ့ အရုပ်တရုပ်လေ
နင်ဆောင့်ပြီး ပစ်ချလည်း ငါက ငိုရုံပဲ ငို နာကျင်တယ်လို့ ပြောမထွက်
နင် ထောင့်ထဲ ပစ်ထားလည်း နင်လိုအပ်ချိန် အပြုံးမပျက်
ဒီမှာ ... နင် မြင်နိုင်မယ်ဆိုရင်လေ . . . .
အဲဒီအရုပ်လေးရဲ့ နှလုံးသားမှာ ဒဏ်ရာဒဏ်ချက်ပေါင်းများစွာနဲ့ အက် ကြောင်း တွေ . . . . . .
ရှင်ထိပ်ထား
(May 7,2009)

No comments:

Post a Comment